Facebook Ads run လိုက်တာနဲ့ inquiry နဲ့ sales အလိုအလျောက်ရလာမှာ မဟုတ်ပါဘူး။ Ad က စိတ်ဝင်စားသူကို ဆက်သွယ်လာအောင် ဖိတ်ခေါ်ပေးနိုင်ပေမယ့် offer မရှင်းတာ၊ reply နောက်ကျတာနဲ့ follow-up မရှိတာကို ဖြေရှင်းပေးလို့မရပါဘူး။
Offer က ဘာကိုရှင်းပြပေးရမလဲ?
Customer က ad ကိုမြင်တဲ့အချိန်မှာ ဒီဝန်ဆောင်မှုက သူ့အတွက်ဟုတ်မဟုတ်၊ ဘာရနိုင်သလဲ၊ ဘာကြောင့်အခုဆက်သွယ်သင့်သလဲကို အလွယ်တကူနားလည်ရပါမယ်။ Offer ဆိုတာ discount တစ်ခုတည်းမဟုတ်ပါဘူး။ ရမယ့်တန်ဖိုး၊ အခြားရွေးချယ်စရာနဲ့ ကွာခြားချက်၊ စတင်ရမယ့်နည်းလမ်းအားလုံး ပါဝင်ပါတယ်။
Ad ကတိပေးတာနဲ့ reply ကိုက်ညီရပါမယ်
Ad မှာတစ်မျိုးပြောပြီး Messenger reply မှာ အခြားအကြောင်းပြောနေရင် customer က မယုံကြည်တော့ပါဘူး။ Price, availability, location, process နဲ့ next step အကြောင်း အရောင်းအဖွဲ့က တစ်သံတည်းဖြေနိုင်အောင် အရင်ပြင်ဆင်ထားသင့်ပါတယ်။
Reply မြန်ရုံနဲ့ မလုံလောက်ပါဘူး
မြန်မြန်ဖြေတာကောင်းပေမယ့် လိုအပ်ချက်မမေးဘဲ စျေးနှုန်းပဲပို့လိုက်ရင် conversation က ရပ်သွားနိုင်ပါတယ်။ Customer ဘာလိုချင်သလဲ နားလည်ဖို့ မေးခွန်းတိုတို၊ သက်ဆိုင်ရာအချက်အလက်နဲ့ ရှင်းလင်းတဲ့ next step လိုပါတယ်။
Ads မစခင် စစ်ဆေးရန်
- Target customer နဲ့ သူ့အတွက်အရေးကြီးတဲ့ပြဿနာကို ရှင်းထားသလား?
- Offer ကို တစ်ကြောင်းနှစ်ကြောင်းနဲ့ နားလည်အောင်ပြောနိုင်သလား?
- Message ဝင်ရင် ဘယ်သူက ဘယ်အချိန်အတွင်းပြန်ဖြေမလဲ?
- မေးရမယ့် qualification questions တွေရှိသလား?
- မဝယ်သေးတဲ့ inquiry ကို follow-up လုပ်မယ့်စနစ်ရှိသလား?
- ရလဒ်ကို Ads Manager ထဲကနံပါတ်နဲ့တင်မကဘဲ လုပ်ငန်းဘက်မှာ မှတ်တမ်းတင်ထားသလား?
Ads budget ကို ပြဿနာဖုံးဖို့ မသုံးပါနဲ့
Offer နဲ့ sales process မရှင်းသေးဘဲ budget တိုးလိုက်ရင် မကောင်းတဲ့ customer experience ကို လူပိုများများဆီပို့မိနိုင်ပါတယ်။ Ads မစခင် customer က ad မြင်တဲ့အချိန်ကနေ အရောင်းပြီးတဲ့အထိ လမ်းကြောင်းကို တစ်ကြိမ်စမ်းကြည့်ပါ။ ဘယ်နေရာမှာပြတ်နေလဲ မရှင်းသေးရင် Media Performance & Intelligence အကြောင်း ဆွေးနွေးနိုင်ပါတယ်။
