Ads report မှာ cost per lead ကျလာတာမြင်ရင် campaign ကောင်းတယ်လို့ ချက်ချင်းယူဆတတ်ပါတယ်။ ဒါပေမယ့် ဝင်လာတဲ့သူတွေက ကိုယ့်ဝန်ဆောင်မှုနဲ့မကိုက်တာ၊ ဆက်သွယ်လို့မရတာ၊ စျေးနှုန်းသိရုံမေးတာများနေရင် ဈေးသက်သာတဲ့ lead က လုပ်ငန်းအတွက်တန်ဖိုးမရှိနိုင်ပါဘူး။
Qualified lead ဆိုတာ ဘာလဲ?
လုပ်ငန်းတိုင်းအတွက် အဓိပ္ပာယ်မတူပါဘူး။ အနည်းဆုံး target customer နဲ့ကိုက်ညီမှု၊ လိုအပ်ချက်၊ ဝယ်ယူနိုင်မယ့်အခြေအနေနဲ့ သင့်တော်တဲ့အချိန်ကာလကို ကြည့်ရပါတယ်။ ဒီသတ်မှတ်ချက်မရှိရင် marketing နဲ့ sales အဖွဲ့နှစ်ဖက်က lead quality ကို မတူညီစွာနားလည်နေပါလိမ့်မယ်။
Lead quality နိမ့်စေတဲ့အကြောင်းများ
- Ad copy က လူတိုင်းကိုပြောထားပြီး target မရှင်းခြင်း
- Offer နဲ့စျေးနှုန်းအခြေအနေကို မရှင်းပြခြင်း
- Creative က attention ရပေမယ့် service အကြောင်းမမှန်ကန်ခြင်း
- Form သို့မဟုတ် Messenger flow မှာ လိုအပ်တဲ့မေးခွန်းမပါခြင်း
- Reply နောက်ကျခြင်း သို့မဟုတ် follow-up မရှိခြင်း
Lead တစ်ခုချင်းမဟုတ်ဘဲ အုပ်စုလိုက်ကြည့်ပါ
Lead အနည်းငယ်ပဲရသေးချိန်မှာ တစ်ယောက်နှစ်ယောက်ရဲ့အခြေအနေကြောင့် campaign တစ်ခုလုံးကို မဆုံးဖြတ်သင့်ပါဘူး။ သင့်တော်တဲ့ကာလတစ်ခုအတွင်း campaign, ad set, creative နဲ့ offer အလိုက် lead quality ကို မှတ်တမ်းတင်ပြီး pattern ကိုကြည့်ပါ။
Marketing နဲ့ sales data ကို ချိတ်ပါ
Ads Manager က message ဝင်တာနဲ့ form submit ဖြစ်တာကို ပြနိုင်ပါတယ်။ အဲဒီနောက် ဆက်သွယ်လို့ရသလား၊ qualified ဖြစ်သလား၊ proposal ပို့သလား၊ sale ဖြစ်သလားဆိုတာ လုပ်ငန်းဘက်က မှတ်တမ်းတင်ရပါတယ်။ နှစ်ဖက် data ချိတ်မှ ဘယ် campaign က တကယ်တန်ဖိုးရှိလဲ သိနိုင်ပါတယ်။
အကောင်းဆုံး campaign က lead အများဆုံး သို့မဟုတ် အဈေးအသက်သာဆုံး campaign မဖြစ်နိုင်ပါဘူး။ လုပ်ငန်းအတွက်သင့်တော်တဲ့ customer ကို ထိရောက်စွာရစေတဲ့ campaign ဖြစ်ရပါမယ်။ ဒီတိုင်းတာပုံကိုပြင်ချင်ရင် Media Performance & Intelligence ကိုကြည့်နိုင်ပါတယ်။
